Bus Guide

Facebook Messenger ဖြင့် “ဒိုးစို့ Bus Guide” အား အသုံးပြုနည်း

  • Messenger ရှိ search box ထဲတွင် "ဒိုးစို့" ဟုမြန်မာစာဖြင့် စာရိုက်၍ ရှာလိုက်ပါ။
  • "ဒိုးစို့" နာမည်ဖြင့်ပေါ်လာပါက ထိုနာမည်အား နှိပ်လိုက်ပြီး ဒိုးစို့ဆီသို့ စတင်မေးမြန်းနိုင်ပါပြီ။
  • ထိုသို့ ရှာဖွေရာတွင် မြန်မာစာဖြင့်လည်း ရှာဖွေနိုင်သလို ၊ English စာဖြင့်လည်း လွယ်ကူသော စကားလုံးများ အသုံးပြု၍ ရှာဖွေနိုင်ပါသည်။
  • မြန်မာစာဖြင့် ရှာဖွေရာတွင် (Zawgyi Font ၊ Unicode Font) များမတူညီမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာစာလုံးများ မှားယွင်းခြင်းအားလည်း လွယ်ကူစွာ ပြောင်းလဲနိုင်ပါသည်။
    • အကယ်၍ အထက်ပါအတိုင်း မြန်မာစာလုံးများအား မှန်ကန်စွာ မြင်တွေ့ရခြင်း မရှိပါက "ဒိုးစို့" Messenger ၏ အောက်ဆုံးတွင် Setting များအား ထင်ရှားလွယ်ကူစွာ တွေ့မြင်နိုင်ပါသည်။
    • ထို Setting ထဲတွင် ရှိသော Change Font အားနှိပ်၍ မိမိဖုန်းထဲတွင် အမှန်မြင်ရသော စာအား နှိပ်၍ လွယ်ကူစွာ Font ပြောင်းလဲပြီး အသုံးပြုနိုင်ပါသည်။
  • အောက်ပါအချက်များအား လွယ်ကူစွာ မေးမြန်းနိုင်ပါသည်။
    • ကားလိုင်းနံပါတ်ဖြင့် မှတ်တိုင်များ ရှာဖွေခြင်း
    • ကားမှတ်တိုင်အမည်ဖြင့် ကားလိုင်းနံပါတ်များအား ရှာဖွေခြင်း
    • စီးရမည့် ကားလိုင်းနံပါတ်အား ရှာဖွေခြင်း
    • Shopping Centre များ ၊ ပန်းခြံ ၊ စေတီဘုရားများ ၊ နေရာများ ၊ ဆိုင်နာမည်များ.. စသည်ဖြင့် ရှာဖွေခြင်း
    • လမ်းနာမည်များဖြင့် ရှာဖွေခြင်း
    • မြို့နာမည်များဖြင့် ရှာဖွေခြင်း

အောက်ပါနည်းလမ်းများအတိုင်း လွယ်ကူစွာ မေးမြန်းနိုင်ပါသည်

ကားလိုင်းနံပါတ်ဖြင့် မှတ်တိုင်များ ရှာဖွေခြင်း
ကားလိုင်းနံပါတ်အား ဒိုးစို့ messenger သို့ ပို့လိုက်ပါ။

(၎င်းကားနံပါတ် ဖြတ်သန်းသွားသော မှတ်တိုင်အမည်များအား ပြန်လည် ပြောပြပေးပါလိမ့်မည်။)

ကားမှတ်တိုင်အမည်ဖြင့် ကားလိုင်းနံပါတ်များအား ရှာဖွေခြင်း
ကားမှတ်တိုင်အမည်အား ဒိုးစို့ messenger သို့ပို့လိုက်ပါ။

(၎င်းမှတ်တိုင်သို့ ရပ်သည့် ကားလိုင်းနံပါတ်များအား ပြန်လည် ပြောပြပေးပါလိမ့်မည်။)

အက
Shopping Centre များ ၊ ပန်းခြံ ၊ စေတီဘုရားများ ၊ နေရာများ ၊ ဆိုင်နာမည်များစသည်ဖြင့် ရှာဖွေခြင်း
နေရာ ၊ Shopping Center ၊ ကုန်တိုက် ၊ စျေး ၊ ဆိုင်များ သိလိုပါက ၎င်းနာမည်များအား ဒိုးစို့ messenger ကိုပို့လိုက်ပါ။

(Google Map ပေါ်ရှိ အချက်အလက်များအပေါ် အခြေခံ၍ ပြန်လည်ပြောပြပေးပါလိမ့်မည်။)

လမ်းနာမည်များဖြင့် ရှာဖွေခြင်း
လမ်းနာမည်ဖြင့် မေးပါလိုပါက ထိုလမ်းအမည်အား ဒိုးစို့ messenger သို့ ပို့လိုက်ပါ။

(၎င်းလမ်းအနီးရှိ အနီးဆုံးမှတ်တိုင်နှင့် ထိုမှတ်တိုင်သို့ ရောက်ရှိသည့် ကားလိုင်းနံပါတ်များအား ပြန်လည်ပြောပြပေးပါလိမ့်မည်။)

မြို့နာမည်များဖြင့် ရှာဖွေခြင်း
မြို့နယ်နာမည်များဖြင့် သိလိုပါက ဒိုးစို့ messenger ကို မေးလိုက်ပါ။
  • အောက်ပါအချက်များအတိုင်း ရှာဖွေနိုင်ပါသည်
    • မြိုနယ်နာမည်များဖြင့် ရှာဖွေခြင်း
    • မြေပုံဖြင့် ကြည့်ရှုနိုင်ခြင်း
မြိုနယ်နာမည်များဖြင့် ရှာဖွေခြင်း

ပထမဦးစွာ ဒိုးစို့ messenger အားဖွင့်လိုက်ပါ။

ထို့နောက် ဒိုးစို့ messenger အောက်ဖက်ရှိ setting ထဲတွင် "YBS bus stops" ဟူသော စာအား နှိပ်လိုက်ပါ။

မြန်မာစာ အက္ခရာစဉ်ဖြင့် ပြပေးထားသော မြို့နယ်နာမည်များနှင့် မြေပုံဖြင့်ကြည့်ရှုရန်အတွက် မြေပုံဟူသော စာသားလေးအား တွေ့ရပါလိမ့်မည်။

ထိုအထဲကနေမှ မိမိသိလိုသော မြို့နယ်နာမည်အား ရွေးပေးလိုက်ပါက "လိုင်းကားများ" ၊ "မှတ်တိုင်များ" နှင့် ထိုမြို့နယ်အတွင်းရှိ "လမ်းများ" အား ထပ်မံပြသပေးပါလိမ့်မည်။

ထို့နောက် မိမိသိလိုသော နာမည်အား ရွေးချယ်နှိပ်လိုက်ပါက ၎င်းနှင့်သက်ဆိုင်သော အချက်အလက်များအား ပြန်လည်ဖော်ပြပေးပါလိမ့်မည်။

မြေပုံဖြင့် ကြည့်ရှုနိုင်ခြင်း

မြေပုံအားနှိပ်လိုက်ပါက ရန်ကုန်တိုင်း မြေပုံအား ဖော်ပြပေးပါလိမ့်မည်။

စီးရမည့် ကားလိုင်းနံပါတ်အား ရှာဖွေခြင်း
မိမိသွားရောက်မည့် မှတ်တိုင်သို့ စီးရမည့်ကားသိလိုပါက ဒိုးစို့ messenger ကို မေးလိုက်ပါ။

အောက်ပါအတိုင်း မေးနိုင်ပါသည်။

ဥပမာ ..

အင်းစိန် ကနေ လှည်းတန်း

မော်တင် မှ ကမ္ဘာအေး

အထူးသတိပြုရန်မှာ (ကနေ)(မှ) စသော စကားလုံးများအား စစီးမည့် မှတ်တိုင်အမည်နှင့် သွားရောက်မည့် မှတ်တိုင်အမည်ကြားတွင် ထည့်သွင်း၍ မေးပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

လုပ်ဆောင်ပုံ အဆင့်ဆင့်

စစီးမည့် မှတ်တိုင်နှင့် သွားရောက်မည့် မှတ်တိုင်နာမည်နှစ်ခုအား အထက်တွင် ဖော်ပြထားသည့်အတိုင်း မေးမြန်းပေးပါ။ (ဥပမာ။ ။ မော်တင်မှ လှည်းတန်း)

မေးမြန်းသည့် မှတ်တိုင်အမည်အား messenger ကပြန်လည်ဖော်ပြပေးရာတွင် တခုထက်ပိုနေပါက မှတ်တိုင်နာမည်နှင့် ထိုမှတ်တိုင်ရှိရာ လမ်းအမည်တို့နှင့် ယှဉ်တွဲ၍ ပြန်လည်မေးပေးပါလိမ့်မည်။

ထိုသို့မေးလာပါက မိမိအမှန်တကယ်မေးလိုသည့် မှတ်တိုင်အား နှိပ်၍ ပြန်လည်ရွေးပေးပါ။

ထိုသို့ပြုလုပ်ပြီးပါက စီးရမည့် ကားလိုင်းနံပါတ်အား ပြန်လည်ပြောပြပေးပါလိမ့်မည်။

လမ်းကြောင်းရှာရန်

ဒိုးစို့ website ၏ menu တွင်ရှိသော Bus ကိုနှိပ်၍ ဝင်ရောက်ပြီး လမ်းကြောင်း ရှာဖွေနိုင်ပါသည်။

လုပ်ဆောင်ပုံအဆင့်ဆင့်

ပထမဦးစွာ ဒိုးစို့ website ၏ Menu တွင်ရှိသော Bus ကိုနှိပ်ပြီး Route စာမျက်နှာသို့ ဝင်ရောက်ပါ။

ဝက်ဘ်ဆိုဒ်၏ ညာဖက်ထောင့် အပေါ်တွင် စာရိုက်ထည့်နိုင်သော text box လေးနှစ်ခုအား မြင်တွေ့ရပါလိမ့်မည်။

ထိုသို့တွေ့ပါက Enter an origin location (text box) တွင် စတင်မည့် နေရာအား စာရိုက်ထည့်၍မေးပေးပါ။

သူ့အောက်တွင် နောက်ထပ်တွေ့ရှိသော Enter a destination location (text box) ထဲတွင် အဆုံးသတ်မည့် နေရာအား မေးပေးပါ။

အထက်ပါ text box နှစ်ခုစလုံးတွင် မေးပြီးပါက ထိုစတင်သည့် နေရာနှင့် ဆုံးသည့်နေရာနှစ်ခုကြား အနီးဆုံးလမ်းကြောင်းအား ရှာဖွေဖော်ပြပေးပါလိမ့်မည်။ အထက်ပါ ရှာဖွေဖော်ပြပေးသော လမ်းကြောင်းပေါ်တွင် ဘတ်စ်ကားမှတ်တိုင်များ တည်ရှိပါက ထိုမှတ်တိုင်များအားလည်း ဖော်ပြပေးပါလိမ့်မည်။

အထက်ပါ text box နှစ်ခု၏ အောက်တွင် Bus No. စာသားဖြင့် ရွေးချယ်၍ရသော နောက်ထပ် select box လေးအား မြင်ရပါလိမိ့မည်။ ထို select box ထဲတွင် ကားလိုင်းနံပါတ်များအား ရွေးချယ်ပေးပါ ထိုကားလိုင်းသွားသော လမ်းကြောင်းအား မှတ်တိုင်များနှင့်အတူ ဖော်ပြပေးပါလိမ့်မည်။

Taxi(Passenger) Guide

Facebook Messenger ဖြင့် “Doe Soh Driver” Taxi အား အသုံးပြုနည်း

Driver Guide

Facebook Messenger ဖြင့် “Doe Soh Driver” Taxi Application အား အသုံးပြုနည်း

GPS Tracker Guide

“Doe Soh GPS Tracker” အသုံးပြုနည်း

“ဒိုးစို့ GPS Tracker Application” အား Install ပြုလုပ်ခြင်း
Google Play Store တွင် Doe Soh GPS Tracker ဟု စာရိုက်ပြီး ရှာပါ။
  • 1 ပုံပါအတိုင်း တွေ့ပါက INSTALL ခလုတ်အားနှိပ်ပြီး မိမိဖုန်းထဲတွင် install ပြုလုပ်ပေးပါ။
မှတ်ချက်။ ။ Application အား install ပြုလုပ်မည့် ဖုန်းသည် Android OS Version 4.4 နှင့် အထက် ရှိရပါမည်။
Login ၀င်ရောက်ခြင်း
“ဒိုးစို့ GPS Tracker” application အား ဖွင့်လိုက်ပါ
  • 1 “ဒိုးစို့ GPS Tracker” account ပြုလုပ်ထားသော email အားထည့်ပေးပါ။
  • 2 Password အားထည့်ပေးပါ။
  • 3 ထို့နောက် Login ခလုတ်အား နှိပ်ပါ။
မှတ်ချက်။ ။ အပေါ်ဆုံးတွင်ရှိသော Language အား မိမိနှစ်သက်ရာ ဘာသာစကားအား ပြောင်းလဲ အသုံးပြုနိုင်ပါသည်။
Admin Panel ဖွဲ့စည်းပုံ
“ဒိုးစို့ GPS Tracker” ၏ admin panel အား အောက်ပါအတိုင်း ကြည့်ရှုနိုင်ပါသည်။
  • 1 တပ်ဆင်ထားသော GPS ကိရိယာများနှင့် ပတ်သက်၍ အသေးစိတ် ကြည့်နိုင်သည်။ မြှားပြထားသော စာရွက်ခေါက်ပုံလေးအား နှိပ်လိုက်ပါ။
  • 2 GPS ကိရိယာ တပ်ဆင်ထားသော ကားများအား မြေပုံပေါ်တွင် ပြသခြင်း။
  • 3 “Devices အပြာရောင် ဘားတန်း” အားနှိပ်လိုက်ပါက တပ်ဆင်ထားသော GPS ကိရိယာနာမည်များအား ဖော်ပြထားသည့်နေရာ။
  • 4 No.4 မြှားပြထားသည့် နေရာအား နှိပ်လိုက်ပါက GPS ကိရိယာ တပ်ဆင်ထားသော ကားတစ်စီးချင်း၏ အသေးစိတ် အချက်အလက်များအား ဖော်ပြခြင်း။ အမြန်နှုန်း (Speed) ၊ ယာဉ်ဦးတည်ရာ (Course) ၊ ယာဉ်ရောက်ရှိနေသည့် တည်နေရာ (လတ္တီကျူ့ ၊ လောင်ဂျီကျူ့) ၊ ထိုယာဉ်ရောက်ရှိနေသည့် မြေပုံပေါ်ရှိ လိပ်စာနှင့် အခြားအသေးစိတ် အချက်အလက်များအား ကြည့်ရှုနိုင်သည်။
GPS ကိရိယာ တပ်ဆင်ထားသည့် ယာဉ်များနှင့် ပတ်သက်၍ ကြည့်လိုသော အမျိုးအစားများအား ရွေးချယ်ခြင်း
  • 1 ကြည့်လိုသော အမျိုးအစားများအား ရွေးချယ်ခြင်း။
  • 2 ကြည့်လိုသည့် GPS ကိရိယာအား ရွေးချယ်ခြင်းနှင့် နေ့ရက် ၊ အချိန်များအား ရွေးချယ်ရန် Configure ခလုတ်အား နှိပ်ခြင်း။
  • 3 အထက်ပါ အဆင့်များ ပြီးစီးပါက ကြည့်ရှုရန် Show ခလုတ်အား နှိပ်ပြီး ကြည့်နိုင်ပါသည်။
တပ်ဆင်ထားသော GPS ကိရိယာများအား ကြည့်ရှုရန် Configure ပြုလုပ်ခြင်း
  • 1 GPS ကိရိယာ နာမည်အား ရွေးပေးပါ။
  • 2 စတင်ကြည့်မည့် နေ့ရက် ၊ အချိန်အား ရွေးပေးပါ။
  • 3 နောက်ဆုံးထားကြည့်မည့် နေ့ရက် ၊ အချိန်အား ရွေးပေးပါ။
  • 4 ထို့နောက် အမှန်ခြစ်ထားသော ခလုတ်အား ရွေးပေးပါ။
ယာဉ်တစ်စီးချင်းစီ၏ အသေးစိတ်အချက်အလက်များအား အောက်ပါအတိုင်း ကြည့်နိုင်ပါသည်။