Terms & Conditions

ဒိုးစို့ Driver Application သည် အဆင့်မြင့် နည်းပညာများကို အခြေခံ၍ Software Engineers များ တီထွင် ဖန်တီးထားသော AI ( Artifical Intellegence) Software ဖြစ်ပါသည်။ ရည်ရွယ်ချက် မြို့တွင်းခရီးသွားများအတွက် လုံခြုံစိတ်ချရသော သွားလာရ လွယ်ကူအဆင်ပြေသော အဆင့်မြင့် Taxi များ ငှါးရမ်း အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။

စည်းကမ်းချက်များ

ဒိုးစို့ Driver များသည် သဘောကောင်းသော ၊ယဉ်ကျေးပျူငှာသော၊ ကျွမ်းကျင်သော၊ လူကြီးလူကောင်းဆန်သော ပုဂ္ဂိုလ်များဖြစ်သည်နှင့်အညီ အောက်ပါစည်းကမ်းများ လိုက်နာရန် လိုအပ်ပါသည်။

  1. Booking လက်ခံပြီးပါက ခရီးသည်အား ချက်ချင်းသွားကြိုပေးရမည်။
  2. အကယ်၍ မကြိုနိုင်ပါက ခရီးစဉ်အား ဖျက်သိမ်းကြောင်း ဒိုးစို့ Driver သို့ ကြိုတင်အကြောင်းကြားပေးရမည်။
  3. ခရီးသည်ထံမှ ကြိုတင် သဘောတူထားသော ကားခထက်ပိုမိုတောင်းခံခြင်း မပြုလုပ်ရပါ။
  4.  ခရီးသည်နှင့် ကြိုတင်သဘောတူညီထားသော ခရီးအား ပြီးဆုံးသည်အထိ ပို့ဆောင်ပေးရမည်။
  5. ခရီးစဉ်အတွင်း တည်ဆဲ ဥပဒေအရ သတ်မှတ်ထားသော မိုင်နှုန်း၊ ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်းနှင့်အညီ ကားကို မောင်းနှင်ရမည်။ ဒိုးစို့ Driver သည် ဥပဒေအရ ပေးအပ်ထားသော လိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
  6. ခရီးသည်များအား စိတ်အနှောက်ယှက်ဖြစ်စေသော စကားများ၊ အပြုအမူများ၊ လုပ်ဆောင်ချက်များ မပြုလုပ်ရပါ။
  7. ခရီးသည်များအား ရန်ပြုခြင်း၊ ခြိမ်းခြောက်ခြင်းဖြစ်စေမည့် မည်သည့်အပြုအမူမှ မပြုလုပ်ရပါ။
  8.  ထို့အပြင် ဒိုးစို့ Driver  မှ ခရီးသည်များ၏ လိုအပ်ချက် အရ တစ်ခြားသော စည်းကမ်းချက်များအား အခါအားလျော်စွာ ထုတ်ပြန်ပေးပါက လိုက်နာပါမည်။ 

ခရီးသည်များ၏ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ခရီးစဉ်အဆင်ပြေ ချောမွေ့စေရေး သည် ဒိုးစို့ Driver များ၌ အထူးတာဝန်ရှိပါသည်။