How To Use Doesoh

ကားလိုင်းနံပါတ်ကို ဒိုးစို့ သို့ ပို့လိုက်ပါ

ကားမှတ်တိုင်နာမည်ကို ဒိုးစို့ သို့ ပို့လိုက်ပါ

ဘာကားစီးရမလဲ သိချင်ရင် ဒိုးစို့ သို့ ပို့လိုက်ပါ

  • အထူးသတိပြုရန်မှာ ကားမှတ်တိုင်နှစ်ကြားတွင် ကနေ ဟူသော စကားလေးပါအောင် ထည့်မေးပေးပါ။

Doesoh Driver

ဒိုးစို့ Driverများသည် ရိုးသားပြီး ယဉ်ကျေးပြူငှာသော ဂုဏ်သရေရှိ Taxi ယာဉ်မောင်းများ ဖြစ်သည်။ ဒိုးစို့ Applicationမှ ရရှိသော ခရီးသွားပြည်သူများအား လိုရာခရီးကို ချောမွေ့စွာ ပို့ဆောင်ရသည်မှာ ဒိုးစို့ Driver များအတွက် လွန်စွာ စိတ်ချမ်းမြေ့ ကြည်နူးရပါသည်။သင့်တင့်လျောက်ပတ်သော ဝန်ဆောင်ခ ၊ မှန်ကန်မျှတသော စျေးနှုန်းဖြင့် ကြိုတင်သဘောတူညီ၍ လိုရာခရီးကို ပို့ဆောင်ရသဖြင့် ခရီးသည်၏ ကျေနပ်မှု ဒိုးစို့ Driver များ၏ သမာအာဇီဝကျသော အသက်မွေးဝမ်းကြောင်းမှုဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေ ချောမွေ့လှပါသည်။

ဒိုးစို့ Driver များသည် Facebook အသုံးပြုရင်း ခရီးသည်ရ၍ ၊ ခရီးသည်သည်လည်း Facebook အသုံးပြု၍ လိုရာခရီးကို ရောက်ရှိနိုင်ပါသည်။ Taxi စီးရင်း ရိုးသားသော ချစ်ခင်စရာကောင်းသော ၊ လေးစားရသော ၊ ပျော်ရွှင်ဖွယ်ရှိသော online friends များ တိုးပွားလာရပြီး ခရီးသွားနှင့် ဒိုးစို့ Driver များသည် တဦးနှင့် တဦး လုံခြုံစိတ်ချရသော ခရီးသွားဖော်များ ဖြစ်နေမည်သာ ဖြစ်ပေသည်။

ဒိုးစို့ Driver များကို အမြန်ဆက်သွယ်ကြပါစို့။

What is news with Doesoh

Our Mission

ရန်ကုန်သူ/သား အားလုံး bus ကားပဲဖြစ်ဖြစ် ၊ taxi နဲ့ပဲဖြစ်ဖြစ် အဆင်ပြေချောမွေ့ သက်သာစွာ သွားလာနိုင်ရေးအတွက် ကျွန်တော်တို့ တတ်နိုင်သည့်ဖက်မှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါသည်။

သတင်းအချက်အလက်များကို တရားဝင် သတ်မှတ်ထားသည့်အတိုင်းသော်လည်းကောင်း ၊ လက်တွေ့မြေပြင်အခြေအနေတွင် အမှန်တကယ် တွေ့ရှိရသည့်အတိုင်း သော်လည်းကောင်း လျှင်မြန်စွာ ဖော်ပြပေးသွားနိုင်ရန် ပြုလုပ်ပေးသွားမှာ ဖြစ်ပါသည်။ လူအများ၏ အွန်လိုင်းပေါ်မှ အမြင်များနှင့် တွေ့ရှိချက်များအား ခေတ်သစ်နည်းပညာများသုံး၍ ပေါင်းစပ်ဖော်ထုတ်မည် ဖြစ်ပါသည်။

ဆက်လက်၍လည်း နည်းပညာအသစ်များ စဉ်ဆက်မပြတ် ရှာဖွေကြံဆနေဦးမည် ဖြစ်ပါသည်။

About Us

ကျွန်တော်တို့သည် မန္တလေးနည်းပညာတက္ကသိုလ်(MIT) တွင် အတူတကွပညာသင်ကြားခဲ့သော သူငယ်ချင်းတစုမှ Singapore နိုင်ငံတွင် ကြာမြင့်စွာ အလုပ်လုပ်ကိုင်နေရာမှ အမိမြန်မာပြည်သို့ ပြန်လည်အခြေချနေထိုင်၍ မိမိနိုင်ငံ၏ ကောင်းရာကောင်းကျိုးအား တထောင့်တနေရာမှ ပါဝင်နိုင်ရန် ကြိုးစားဖို့ ရည်ရွယ်ခဲ့ကြပါသည်။

ထိုစိတ်ကူးမှအစပြု၍ မြန်မာပြည်အတွက် နည်းပညာအခြေပြု အသုံးချပတ်ဝန်းကျင်တခု ထွန်းကားတိုးတက်လာစေရန် ရည်ရွယ်၍ နည်းပညာအခြေပြု company တခုအား စတင်သန္ဓေတည် မွေးဖွားခဲ့ကြပါသည်။

နည်းပညာပိုင်းကို ဦးကျော်ထွန်းမှ ဦးဆောင်ပြီး ၊ လုပ်ငန်းဆောင်တာပိုင်းနှင့်ပတ်သက်ပြီး ဦးအောင်စိုးသူ တာဝန်ယူပါသည်။

Software Development ပိုင်းများကို ဦးကောင်းထက်ဝင်း မှ ဖန်တီးတည်ဆောက်ပါသည်။

Data များမှန်ကန်စွာ စုဆောင်းရေးနှင့် သတင်းထုတ်ပြန်ရေး တာဝန်အား ဒေါ်ခင်ပြည့်စုံသာဒေါ်ဖြူဇင်သန့် နှင့် ဦးသန်းထွဋ်ဇော် တို့မှ လုပ်ဆောင်ပါသည်။

MIT ကျောင်းသားဟောင်းများမှ စတင်ခဲ့သော United Eleven Co.,Ltd မှ ပျိုးထောင်ပေးသည့် နည်းပညာအခြေခံ အလုပ်တခုဖန်တီးရန်ဖြစ်ပါသည်။