ရန်ကုန်သူ/သား အားလုံး bus ကားပဲဖြစ်ဖြစ် ၊ taxi နဲ့ပဲဖြစ်ဖြစ် အဆင်ပြေချောမွေ့ သက်သာစွာ သွားလာနိုင်ရေးအတွက် Doesoh(AI) Busguide၊ Doesoh Taxi တို့ဖြင့်ကျွန်တော်တို့ တတ်နိုင်သည့်ဖက်မှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ ထို့အပြင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ယာဉ်များလုံခြုံစိတ်ချမှု၊ အန္တာရာယ်ကင်းမှု ကိုရည်ရွယ်၍ Doesoh Gps ဖြင့်ဝန်ဆောင်မှုပေးနေပါသည်။
သတင်းအချက်အလက်များကို တရားဝင် သတ်မှတ်ထားသည့်အတိုင်းသော်လည်းကောင်း ၊လက်တွေ့မြေပြင်အခြေအနေတွင် အမှန်တကယ် တွေ့ရှိရသည့်အတိုင်း သော်လည်းကောင်း လျှင်မြန်စွာ ဖော်ပြပေးသွားနိုင်ရန် ပြုလုပ်ပေးသွားမှာ ဖြစ်ပါသည်။ လူအများ၏ အွန်လိုင်းပေါ်မှ အမြင်များနှင့် တွေ့ရှိချက်များအား ခေတ်သစ်နည်းပညာများသုံး၍ ပေါင်းစပ်ဖော်ထုတ်မည် ဖြစ်ပါသည်။
ဆက်လက်၍လည်း နည်းပညာအသစ်များ စဉ်ဆက်မပြတ် ရှာဖွေကြံဆနေဦးမည် ဖြစ်ပါသည်။