fbpx
Terms&Conditions

ဒိုးစို့ Driver Application သည် အဆင့်မြင့် နည်းပညာများကို အခြေခံ၍ Software Engineers များ တီထွင် ဖန်တီးထားသော AI ( Artifical Intellegence) Software ဖြစ်ပါသည်။ ရည်ရွယ်ချက် မြို့တွင်းခရီးသွားများအတွက် လုံခြုံစိတ်ချရသော သွားလာရ လွယ်ကူအဆင်ပြေသော အဆင့်မြင့် Taxi များ ငှါးရမ်း အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။

စည်းကမ်းချက်များ
ဒိုးစို့ Driver များသည် သဘောကောင်းသော ၊ယဉ်ကျေးပျူငှာသော၊ ကျွမ်းကျင်သော၊ လူကြီးလူကောင်းဆန်သော ပုဂ္ဂိုလ်များဖြစ်သည်နှင့်အညီ အောက်ပါစည်းကမ်းများ လိုက်နာရန် လိုအပ်ပါသည်။
  • Booking လက်ခံပြီးပါက ခရီးသည်အား ချက်ချင်းသွားကြိုပေးရမည်။
  • အကယ်၍ မကြိုနိုင်ပါက ခရီးစဉ်အား ဖျက်သိမ်းကြောင်: ဒိုးစို့ Driver သို့ ကြိုတင်အကြောင်းကြားပေးရမည်။
  • ခရီးသည်ထံမှ ကြိုတင် သဘောတူထားသော ကားခထက်ပိုမိုတောင်းခံခြင်း မပြုလုပ်ရပါ။
  • ခရီးသည်နှင့် ကြိုတင်သဘောတူညီထားသော ခရီးအား ပြီးဆုံးသည်အထိ ပို့ဆောင်ပေးရမည်။
  • ခရီးစဉ်အတွင်း တည်ဆဲ ဥပဒေအရ သတ်မှတ်ထားသော မိုင်နှုန်း၊ ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်းနှင့်အညီ ကားကို မောင်းနှင်ရမည်။ ဒိုးစို့ Driver သည် ဥပဒေအရ ပေးအပ်ထားသော လိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
  • ခရီးသည်များအား စိတ်အနှောက်ယှက်ဖြစ်စေသော စကားများ၊ အပြုအမူများ၊ လုပ်ဆောင်ချက်များ မပြုလုပ်ရပါ။
  • ခရီးသည်များအား ရန်ပြုခြင်း၊ ခြိမ်းခြောက်ခြင်းဖြစ်စေမည့် မည်သည့်အပြုအမူမှ မပြုလုပ်ရပါ။
  • ထို့အပြင် ဒိုးစို့ Driver မှ ခရီးသည်များ၏ လိုအပ်ချက် အရ တစ်ခြားသော စည်းကမ်းချက်များအား အခါအားလျော်စွာ ထုတ်ပြန်ပေးပါက လိုက်နာပါမည်။
ခရီးသည်များ၏ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ခရီးစဉ်အဆင်ပြေ ချောမွေ့စေရေး သည် ဒိုးစို့ Driver များ၌ အထူးတာဝန်ရှိပါသည်။