
Who We Are
ကျွန်တော်တို့သည် မန္တလေးနည်းပညာတက္ကသိုလ်(MIT) တွင် အတူတကွပညာသင်ကြားခဲ့သော သူငယ်ချင်းတစုမှ Singapore နိုင်ငံတွင် ကြာမြင့်စွာ အလုပ်လုပ်ကိုင်နေရာမှ အမိမြန်မာပြည်သို့ ပြန်လည်အခြေချနေထိုင်၍ မိမိနိုင်ငံ၏ ကောင်းရာကောင်းကျိုးအား တထောင့်တနေရာမှ ပါဝင်နိုင်ရန် ကြိုးစားဖို့ ရည်ရွယ်ခဲ့ကြပါသည်။
ထိုစိတ်ကူးမှအစပြု၍ မြန်မာပြည်အတွက် နည်းပညာအခြေပြု အသုံးချပတ်ဝန်းကျင်တခု ထွန်းကားတိုးတက်လာစေရန် ရည်ရွယ်၍ နည်းပညာအခြေပြု company တခုအား စတင်သန္ဓေတည် မွေးဖွားခဲ့ကြပါသည်။
နည်းပညာပိုင်းကို ဦးကျော်ထွန်းမှ ဦးဆောင်ပြီး ၊ လုပ်ငန်းဆောင်တာပိုင်းနှင့်ပတ်သက်ပြီး ဦးအောင်စိုးသူ မှတာဝန်ယူပါသည်။SoftwareDevelopment အပိုင်းကို ဦ:စွမ်းထက်ကျော် ၊ Sales and Marketing အပိုင်း ကို ဦးဟန်သော်ထွန်း နှင့် Technician အဖြစ် ဦးကျော်သက်၊ဦးမြတ်မင်းထွဋ် ဦးအောင်ခန့်မှတာဝန်ယူပါသည်။Dataများမှန်ကန်ရေး၊သတင်းထုတ်ပြန်ရေး၊ customer service နှင့် Doesoh Products များအရည်အသွေးကောင်းမွန်ရေးတာဝန်အားဒေါ်ဇွန်ထက်ဝေနှင့်၊ဦးကောင်းခန့်၊ဒေါ်အိရွှေဇင်တို့မှလုပ်ဆောင်ပါသည်။
MIT ကျောင်းသားဟောင်းများမှစတင်ခဲ့သော United Eveven Co., Ltd မှ ပျိုးထောင်ပေးသည့် နည်းပညာအခြေခံ အလုပ်တခုဖန်တီးရန်ဖြစ်ပါသည်။

Our Mission
ရန်ကုန်သူ/သား အားလုံး bus ကားပဲဖြစ်ဖြစ် ၊ taxi နဲ့ပဲဖြစ်ဖြစ် အဆင်ပြေချောမွေ့ သက်သာစွာ သွားလာနိုင်ရေးအတွက် Doesoh(AI) Busguide၊ Doesoh Taxi တို့ဖြင့်ကျွန်တော်တို့ တတ်နိုင်သည့်ဖက်မှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ ထို့အပြင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ယာဉ်များလုံခြုံစိတ်ချမှု၊ အန္တာရာယ်ကင်းမှု ကိုရည်ရွယ်၍ Doesoh Gps ဖြင့်ဝန်ဆောင်မှုပေးနေပါသည်။
သတင်းအချက်အလက်များကို တရားဝင် သတ်မှတ်ထားသည့်အတိုင်းသော်လည်းကောင်း ၊လက်တွေ့မြေပြင်အခြေအနေတွင် အမှန်တကယ် တွေ့ရှိရသည့်အတိုင်း သော်လည်းကောင်း လျှင်မြန်စွာ ဖော်ပြပေးသွားနိုင်ရန် ပြုလုပ်ပေးသွားမှာ ဖြစ်ပါသည်။ လူအများ၏ အွန်လိုင်းပေါ်မှ အမြင်များနှင့် တွေ့ရှိချက်များအား ခေတ်သစ်နည်းပညာများသုံး၍ ပေါင်းစပ်ဖော်ထုတ်မည် ဖြစ်ပါသည်။
ဆက်လက်၍လည်း နည်းပညာအသစ်များ စဉ်ဆက်မပြတ် ရှာဖွေကြံဆနေဦးမည် ဖြစ်ပါသည်။
Doe Soh Team



